သားရဲ့ခြေဖ၀ါးနုနုကနေတက်လာတဲ့အကောင်လေးတွေအုတ်တံတိုင်းကတဆင့်ကိုက်ဖို့၊ခဲဖို့အစုလိုက်အပြုံလိုက်လာနေကြတဲ့အကောင်လေးတွေအပင်ပေါ်ကနေ လေတိုက်တိုင်းလွင့်စင်ကျလာတဲ့အကောင်လေးတွေအမေပတ်ပေးထားတဲ့အ၀တ်ကနေတရွေ့ရွေ့ဖြတ်သန်းနေကြတဲ့အကောင်လေးတွေဟာသားမျက်လုံး၊ သားနား၊သားနှာခေါင်း၊ သားချက်ကြိုးပါမကျန်ဝင်ရောက်လို့၊ ကိုက်ခဲလို့။သားရုန်းချင်တယ်မေမေရယ်အ၀တ်ပတ်ထားတော့ လှုပ်လို့မရဘူး။အူဝဲ အူဝဲနှင့်ငိုပြီးသားအကူအညီတောင်းချင်တယ် အမေအားအင်ချည့်နှဲ့နှလုံးခုန်ရပ်မတတ်ဖြစ်နေတဲ့သားအခြေအနေက အသံထွက်မလာနိုင်တော့ဘူး။ဘေးနားမှာရောက်နေတဲ့မျက်နှာဖြူဖြူ အသားနီစပ်စပ်ကင်မရာကြီးလည်ပင်းလွယ်ထားတဲ့ဦးလေးကြီးကလည်းဓာတ်ပုံ တဖျတ်ဖျတ်တလတ်လတ်ရိုက်နေတယ်။သူ့ဆီက ထွက်လာတဲ့အလင်းရောင်ကိုသားကြောက်တယ်အမေ။သားအခုခံစားရတဲ့ဒုက္ခတွေဟာအရင်ဘ၀က ၀ဋ်ကြွေးတွေလား?လူ့လောကမှာ ကြုံတွေ့နေကြတဲ့အဖြစ်အပျက်တစ်ခုလား?ခေတ်ပေါ်ပြသ၁နာတစ်ခုရဲ့ပြယုဂ်လေလား?လူသားဆန်မှုကို မေးခွန်းထုတ်စေမယ့်စမ်းသပ်ချက်တစ်ခုလား?မရောက်သင့်တဲ့အချိန်မှာရောက်လာမိတဲ့သားရဲ့အပြစ်တွေလား?စဉ်းစားရင်းတွေးရင်းသေမင်းကမ္ဘာဆီ သားသွားရတော့မယ်မေမေ……………….နောက်ဆုံးထွက်သက်မထွက်ခင်သားဆုတောင်းပေးခဲ့ပါရစေ။လူ့လောကထဲရောက်အောင်ခက်ခက်ခဲခဲ မွေးလိုက်ရတဲ့မေမေမွေးဖွားမှုဝေဒနာတွေနာကျင်ခံစားရမှုတွေအမြန် သက်သာပျောက်ကင်းပါစေ။ဘယ်သူမှန်းနာမည်တပ်မရတဲ့ဖေဖေအချိန်တိုင်းပျော်ရွှင်နိုင်ပါစေ။သားကိုကိုက်ခဲနေကြတဲ့ပုရွက်ဆိတ်လေးတွေအစာ၀၀လင်လင် စားနိုင်ကြပါစေ။သားကိုကြည့် ဓာတ်ပုံရိုက်နေတဲ့အကိုကြီး လိုချင်တာရပါစေ။သားလဲ ဒီဘ၀ဒီအမျှနှင့်ပဲဝဋ်ကြွေးရှိရင်ကြေပါစေ။၁၇.၄.၂၀၁၃( ထိုင်းနိုင်ငံက စွန့်ပစ်ခံလိုက်ရတဲ့ ကလေးငယ်တယောက်ကိုရည်စူးလျက်Copy to အောင်အောင်လင်းမြန်မာ့လင်းရောင်ခြည်
No comments:
Post a Comment