ကိုယ်ကိုယ်တိုင် CI လျှောက်ပြန်လိုသူများသို့ မလေးရှားမှာ တရားမ၀င်နေထိုင်ပြီး အမိမြန်မာပြည်ကို ပြန်ဖို့ အပေါ်လမ်း ( CI လျှောက်ပြီး )နဲ့အောက်လမ်းဆိုပြီး ပြန်လို့ရတဲ့ လမ်းနှစ်လမ်းရှိပါတယ်။ အောက်လမ်းနဲ့ပြန်တယ်ဆိုတာကတော့ ဘတ်စကားနဲ့ ပြန်ခြင်းဖြစ်ပါတယ်။ ဘာအထောက်အထား ဘာစာရွက်စာတမ်းမှ မလိုပဲ ပွဲစားကိုပေးဖို့ ပိုက်ဆံလုံလောက်တာနဲ့ ပြန်လို့ရပါတယ်။ CI ( Certificate of Identify ) လျောက်ပြန်တာကတော့ မလေးရှား လ၀က ရုံးချုပ်ရဲ့ တရားဝင်အထောက်အထားလက်မှတ်ကိုယူပြီး လေယာဉ်နဲ့ ပြန်ခြင်းကို ဆိုလိုပါတယ်။ အခုကျနော်ပြောပြချင်တာ၊ ပြန်လည်မျှဝေလိုတာကတော့ မလေးရှားမှာ တရားမ၀င်နေထိုင်ပြီး CI လျှေက်ပြန်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ CI လျှောက်ပြန်ရာမှာလည်း ပွဲစားကိုပိုက်ဆံပေးပြီးCI လျှောက်ခြင်း နဲ့ ကိုယ်ကိုယ်တိုင် လ၀က ရုံးသွားပြီး CI လျှောက်ခြင်းဆိုပြီး နည်းလမ်း ၂ ခုရှိပါတယ်။ကျနော်ကတော့ ကိုယ်ကိုယ်တိုင် လ၀က ရုံးကိုသွားပြီး CI လျှောက်ခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင် လ၀က ရုံးသွားပြီး CI လျှောက်လိုသူများအတွက်သိ သင့်သိထိုက်တယ်လို့ ထင်တဲ့ အချက်ကလေးတွေ၊ အစအဆုံး လုပ်ဆောင်ရမယ့် အလုပ်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။ ၁။ မြန်မာသံရုံးကို မနက် ၈း၃၀ မိနစ်လောက်အရောက်သွားပါ။ မှတ်ပုံတင်မိတ္တူတစ်ရွက်၊ အိမ်ထောင်စုစာရင်း မိတ္တူတစ်ရွက်၊ ပတ်စပို့ ဓာတ်ပုံသေး ၂ ပုံ လိုအပ်ပါတယ်။ အဲဒီ ၃ မျိုးကို အဆင်သင့်ပြင်ဆင်ပြီး ယူသွားရင် ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုသလို နေ့လည် ၂ နာရီလောက်ဆို CI စာရွက်ရနေပါပြီ။ ဓာတ်ပုံမပါလို့ ရိုက်ရမယ်ဆိုရင် ဓာတ်ပုံစောင့်နေရတဲ့ အချိန်ကြောင့် ကိုယ့်တုံကင်နံပါတ်ဟာ နောက်ဆုံးကို ရောက်သွားတတ်ပါတယ်။ ၂။ နီးစပ်ရာရဲစခန်းမှာ ထောက်ခံစာ ယူရပါတယ်။ ၂ ကျပ်ပေးရပါတယ်။ ထောက်ခံစာယူရာမှာ အရေးကြီးဆုံးပါ။ ရဲစခန်းထောက်ခံစာရဲ့ အကြောင်းအရာထဲမှာ ပတ်စပို့စ် ပျောက်ဆုံးခြင်းကြောင်းဆိုတဲ့ အကြောင်းအရာပါဖို့လိုပါတယ်။ အဲဒီအကြောင်းအရာ မပါဘူးဆိုရင် လ၀က ရုံးချုပ်ကိုသွားတဲ့အခါ ချက်ချင်း ကိုယ်ထောက်ခံစာယူခဲ့တဲ့ ရဲစခန်းကို ပြန်သွားခိုင်းပြီး စာသားပြောင်းခိုင်းပါတယ်။ အရမ်းအရေးကြီးပါတယ်။ ၃။ လေယာဉ်လက်မှတ်အတု ဖော်ရှိုး တစ်ဆောင်ယူသွားရပါမယ်။ အဲဒီလေယာဉ်လက်မှတ်အတုကို မြို့ထဲမှာဝယ်ရပါတယ်။ ၂၀ ပေးရပါတယ်။ အတုဝယ်သွားရတဲ့ အကြောင်းအရင်းကတော့ တကယ်လို့ကိုယ်က အစစ်တစ်ခါတည်း ၀ယ်သွားလိုက်ရင် ကြားထဲမှာ လ၀က ရုံးနဲ့ အဆင်မပြေဖြစ်တဲ့အခါမျိုး ၊ဒါမှမဟုတ် အခြားအကြောင်းအရာတစ်ခုခုကြောင့် နှောင့်နှေးသွားခဲ့ရင် ကိုယ်ဝယ်ထားတဲ့ လက်မှတ်အစစ် ရဲ့ ရက်ကို မကျော်သွားဖို့ပါပဲ။ ရှင်းရှင်းပြောရရင် လေယာဉ်လက်မှတ်အစစ်ကြီးဝယ်ထားပြီး မလေးရှားလ၀က ရုံးရဲ့ထောက်ခံချက်မရရင် မြန်မာပြည်ပြန်လို့မရပဲ လေယာဉ်လက်မှတ်ဖိုးမဆုံးစေဖို့ပါပဲ။ လေယာဉ်လက်မှတ်အတုနဲ့ လျှောက်လို့ လ၀က က ထောက်ခံစာရွက်ပေး လိုက်ပြီဆိုမှ လက်မှတ်အစစ်ဝယ်တာ အကောာင်းဆုံးပါပဲ။ လေယာဉ်လက်မှတ်မပါရင်လည်း လ၀က ရုံးကချက်ချင်းပြန်လွတ်ပါတယ်။ ၄။ မြန်မာသံရုံးကထုတ်ပေးတဲ့ CI စာရွက်၊ လေယာဉ်လက်မှတ်၊ ရဲစခန်းထောက်ခံစာကို ယူပြီး မလေးရှား လ၀က ရုံးချုပ်ကို သွားရပါမယ်။ စောစောရောက်ရင် စောစောပြီးပါတယ်။ ကေအယ်မြို့ ထဲကနေ သွားမယ်ဆိုရင် MYDIN ကုန်တိုက်ရှေ့က ကားနံပါတ် ၆၈ ကိုစီးသွားရပါမယ်။ မနက် ၅နာခွဲမှာ စထွက်ပါတယ်။ အဲဒီကား အစောဆုံးစထွက်ပါတယ်။ ပူထရာဂျာရာ၊ အင်မီဂေးရှင်းဆိုပြီးတော့လည်း အော်ခေါ်နေပါတယ်။ မှားစရာဘာအကြောင်းမှ မရှိပါဘူး။လ၀က ရုံးကိုရောက်ဖို့ မိနစ် ၅၀ လောက်ကားစီးရပါတယ်။ ၅။ မနက် ၇း၀၀ နာရီမှာ လ၀က ရုံးစဖွင့်ပါတယ်။ ဓာတ်လှေခါးနဲ့ လေးထပ်ကိုတက်ပြီး တန်းစီရပါ့မယ်။ ကိုယ်လိုလျှောက်တဲ့သူတွေ အများကြီးပါ။ အားငယ်စရာမလိုပါဘူး။ မေးကြည့်လို့ရပါတယ်။ ပထမ တုံကင်နံပါတ်ယူရပါတယ်။ တုံကင်နံပါတ်ပေးတဲ့ ကောင်တာက ရဲစခန်းထောက်ခံစာ၊ လေယာဉ်လက်မှတ်၊ မြန်မာသံရုံးကပေး တဲ့ CI စာရွက် တွေကို စစ်ပါတယ်။ ရဲစခန်းထောက်ခံစာကို အလေးထားစစ်ပါတယ်။ နံပါတ် ၂ မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ ရဲစခန်းထောက်ခံစာထဲမှာ ပတ်စပို့စ် ပျောက်ဆုံးခြင်းဆိုတဲ့ အကြောင်းအရာမပါရင် ကျန်တဲ့စာရွက်တွေကို မကြည့်တော့ပဲ ချက်ချင်းပြန်လွတ်ပါတယ်။ ထောက်ခံစာက မှန်ပြီး လေယာဉ် လက်မှတ် မပါရင်လည်း ချက်ချင်းပြန်လွတ်ပါတယ်။ ၆။ ကိုယ့်တုံကင်နံပါတ်ကိုခေါ်ရင် လက်ဗွေနှိပ်ရပါတယ်။ နောက်တစ်ခါ ထပ်ခေါ်တဲ့အခါ ပိုက်ဆံ ၄၀၀ ဆောင်ရပါတယ်။ နောက်တစ်ခါ ကိုယ့်နာမည်ခေါ်တဲ့အခါ စာရွက် ၂ ရွက် ပေးပါလိမ့်မည်။ အဲဒီအဆင့် ၃ ဆင့် ကျော်ဖြတ်ပြီးသွားပြီဆိုရင် အားလုံးပြီးသွားပါပြီ။ မနက်အစောဆုံးရောက်တဲ့သူဆိုရင် နေ့လည် ၂ နာရီလောက်မှာ အားလုံးပြီးစီးလို့ အိမ်ပြန်နိုင်ပါပြီ။ ၇။ ဖော်ရှိုးလက်မှတ်နဲ့ သွားတဲ့သူဆိုရင်တော့ ၂ ပတ်အတွင်းမှာပဲ လေယာဉ်လက်မှတ်အစစ်ကို ကိုယ်ကြိုက်တဲ့ရက်ကိုရွေးဝယ်ပြီး အမိမြန်မာပြည်ပြန်လို့ရနေပါပြီ အင်မီဂေးရှင်း (လ၀က ) က ထုတ်ပေးလိုက်တဲ့ စာရွက်အထောက်အထားတွေ ရပြီးပြီဆိုရင်တော့ မလေးရှားမှာ ၂ ပတ် အထောက်အထားကိုင်ဆောင်ထားသူ
No comments:
Post a Comment