သူငယ်ချင်းအပေါ် အနစ်နာခံတတ်သူ။ဘယ်လောက်ပဲ ကြေကွဲနေပါစေ ရင်ထဲကဒဏ်ရာကိုထုတ်ဖော်မပြောဘူး။အပြုံးလေးနဲ့တစ်ယောက်တည်း ကြိတ်ခံစားတတ်သူ။စိတ်ကူးယဉ်တတ်ပေမယ့် ဖြစ်နိုင်ရမယ်လို့ အမြဲတထပ်တည်းစဉ်းစားတတ်သူ။စာကျက်ပျင်းတဲ့ သူ။မှတ်ညဏ်မှာ သူ့ကိုတော့ သွားမယှဉ်နဲ့ ။လိမ်ဖို့မကြိုးစားမိစေနဲ့။သေးသေးလေးကအစ သိတယ်။မျက်ဝန်းထဲက စာတွေကိုဖတ်တတ်တဲ့ သူ။သူလိမ်တတ်ပေမယ့်အမှန်တိုင်းပြန်ပြောတာလည်း သူပါပဲ။လူတစ်ယောက်ကို ခင်မိရင် ညီကိုမောင်နှမထက် ပိုခင်တယ်။လောကကြီးကို သိပ်ပြီးတော့ မကျေနပ်သူ။ပုံစံက မာနကြီးတယ်ထင်ရပေမယ့် ပေါင်းကြည့်ရင် ငပေါလေးတွေ။စကားကို ပြတ်ပြတ်သားသားပြောတာကြိုက်တယ်။ချစ်သူကို အသက်လောက်ချစ်တယ်။စုံလုံးကန်းအောင် ချစ်တယ်။အရမ်းချစ်တတ်တာ သူ့အားနည်းချက်။ချစ်သူရဲ့ ချော့မြူမှုကိုတိတ်တိတ်လေးတောင်းတမိတာ သူ။သူ့ကြောင့် တစ်ဖက်သားဘယ်တော့မှ စိတ်မဆင်းရဲဘူး။ချစ်သူကို သစ္စာအရှိဆုံး သူ။အမြဲတန်း အားငယ်တတ်ပေမယ့်သူ့ကြောင့်ဘယ်သူ့မှစိတ်မဆင်းရဲစေဘူး။ဟင်း ကြေး(ဂျီး)များတယ်။သူက မာနနည်းနည်းတော့ရှိတယ် ဘယ်တော့မှအရင်မတောင်းပန်ဘူး။သူတောင်းပန်တဲ့ သူဟာလည်း သူတကယ်တန်ဖိုးထားသူမို့ပဲ။
No comments:
Post a Comment