မူဆယ်မှာ ယာဉ်ထိန်းရဲတပ်ကြပ်ရဲမြင့်သားနဲ့ရန်ဖြစ်လို့  အချုပ်ထဲထည့်ပြီ၂၄ နာရီတောင်မပြည့်ဘဲမိဘတွေလိုက်လာတော့ ဆေးရုံကိုသွားလိုက်ဆို ပြီ ဆေးရုံရောက်တော့မိဘတွေ မြင်လိုက်ရတဲ့မြင်ကွင်းက အသက်ငင်နေတဲ့အချိန် ညရောက်တော့ အဲ့ဒီရန်ဖြစ်တဲ့လူငယ် လေ သေဆုံးခဲ့ရခြင်း… …သာမန်ရန်ပွဲတစ်ခု ဖြစ်ရင်တောင်အချုပ်ထဲမှာအချုပ်သားကို ရိုက်စစ်တဲ့ဥပဒေရှိလို့ လား ?သာကေတက လွှတ်တော့အမတ်တွေကို ဓါးနဲ့ခုတ်တဲ့၃ ယောက်ကျတော့ ရိုက်ခံရပါသလားCredit လှစိုးပြီးခဲ့တဲ့ အောက်တိုဘာ (၃၀) ည ၁၀ နာရီခန့်တွင် မူဆယ်မြို့ တောင်ရပ်ကွက် ချိုနမ်းချစ်အအေးဆိုင်တွင် လူငယ်တစ်စု ခိုက်ရန်ဖြစ်ပွားကြသည်၊ခုံဖြင့်ရိုက်ခံရသူ လူငယ်၏ဖခင် ရဲတပ်ကြပ်ကြီး ရဲမြင့်မှ အမှုဖွင့်တိုင်ကြားရာ တရားခံ ဖြိုးသူရ (၂၃) နှစ်အား ဖမ်းဆီးကာ မြို့မရဲစခန်း အဆောင် (၂) တွင် ချုပ်နှောင်ထားခဲ့ပြီး အာမခံမပေးခဲ့ပါ၊ထိုလူငယ် ဖြိုးသူရသည် အချုပ်အတွင်း နှိပ်စက်ခံရကာ ဆီးလမ်းကြောင်းမှ သွေးများယိုစီးကြလာခဲ့ပြီး ၃၁-၁၀-၂၀၁၅ ည ၉:၁၀ နာရီတွင် မူဆယ်ဆေးရုံ၌ သေဆုံးခဲ့သည်၊ဖခင်ဖြစ်သူအား ကျေအေးပါသည်ဟု လက်မှတ်ထိုးပေးရန် ဖိအားပေးခံနေရသည်၊အမှုမှန်ပေါ်ပေါက်ရေးအတွက် ဖခင်ဖြစ်သူမှ အကူအညီတောင်းခံပါကြောင်း။
No comments:
Post a Comment