အခုရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကျွန်မတို့ အဖွဲ့ချုပ်ကတော့ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဒီရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ကူညီကြပါဆိုပြီးတော့ ထပ်တလဲလဲ မေတ္တာ ရပ်ခံပါတယ်။ တချို့ကတော့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဘယ်လို မသမာတဲ့နည်းတွေနဲ့ ရွေးကောက်ပွဲ နိုင်အောင် လုပ်ရမလဲဆိုပြီးစဉ်းစားနေတဲ့သူတွေလည်း ရှိပါတယ်။ ဒါကျွန်မ အနေနဲ့ ပုတ်ခတ်ချင်လို့တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး။ အဖြစ်ကို အဖြစ်အတိုင်း မြင်ဖို့ လိုပါတယ်။ ကျွန်မတို့ သတိနေရာမှာ မလစ်ဟင်းအောင်လို့ ပြောတာပါ။ သတိဆိုတာ လွန်ကဲတယ်ရယ်လို့ မရှိနိုင်ဘူးဆိုတာ တရားတော်ထဲမှာလည်း ပါပါတယ်။ အခုအခြေအနေမှာလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ အားလုံး အင်မတန်မှ သတိနဲ့ ပြည့်ဝရပါလိမ့်မယ်။ ကျွန်မတို့ နိုင်ငံကို ကျွန်မတို့ အေးချမ်းစေချင်တယ်။ ချမ်းသာစေချင်တယ်။ တိုးတက်စေချင်တယ်။ ဒီရွေးကောက်ပွဲဟာ ဒီလို အေးချမ်းရေး၊ ညီညွှတ်ရေး၊ တိုးတက်ရေးအတွက်အခြေချလိုက်တဲ့ ပွဲကြီးတစ်ခု ဖြစ်စေချင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒီရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကျွန်မတို့ ပြည်သူလူထုက ဘယ်လောက် စည်းကမ်းရှိရှိ၊ဘယ်လောက်မှန်မှန်၊ ဘယ်လောက် စိတ်ထားပြည့်ဝစွာနဲ့ ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင်လုပ်သွားတယ်ဆိုတာ တစ်ကမ္ဘာလုံးက မြင်စေချင်တယ်။ အသိအမှတ်ပြုစေချင်တယ်။ ဒါကြောင့် ကျွန်မတို့ နိုင်အောင်လုပ်မယ်။ မှန်ကန်တဲ့နည်းနဲ့ နိုင်အောင်လုပ်မယ်။ ကျွန်မတို့ ပြည်သူတွေ မခံချင်အောင်လို့ ဆွတာရှိရင် အဲဒီဟာတွေကို ဒါကြောင့်မို့လို့ လမ်းမလွှဲပါစေနဲ့။ ကိုယ့်ရဲ့ စိတ်ဓာတ်က ပိုပြီးတော့ ခိုင်သလား။ အဖျက်သမားတွေရဲ့စိတ်ဓာတ်က ပိုပြီးတော့ ပြင်းသလားဆိုတာ ပြိုင်ကြစို့လို့ ကျွန်မက ဒီလိုပဲ ပြောချင်ပါတယ်"(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေအနက် အကြီးကျယ်ဆုံးဖြစ်တဲ့ သုဝဏ္ဏ မြို့ဦးစေတီကွင်း ဟောပြောပွဲကို နိုဝင်ဘာ ၁ ရက်၊ ညနေ ၄ နာရီကျော်မှာ စတင်ခဲ့ပါတယ်။ ရန်ကုန်မြို့အတွက် ပွဲသိမ်းသတ်မှတ်နိုင်ပြီး ရန်ကုန်လူထုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့ပွဲကို ကွင်းပြည့်လျှံတဲ့အထိ လူသိန်းချီ လာရောက်ကြတာကို တွေ့ရပါတယ်)
https://m.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DDs8khZCAVgc%26feature%3Dyoutu.be&h=eAQGswBDK&s=1
https://youtu.be/Ds8khZCAVgc
No comments:
Post a Comment