Monday, 2 November 2015

.ဇီးကုန်းတွင် ကြံ့ခိုင်ရေး ပါတီနှင့်NLDတို့အပြိုင်စည်းရုံးရာမှာ ကြံ့ခိုင်ေ်ရးပွဲ လူမစည်============

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့တွင် လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီတို့ မှ နိုဝင်ဘာလ ( ၂ ) ရက်နေ့ နံနက် ( ၉ ) နာရီမှစတင် ၍ ဇီးကုန်းမြို့ ကုန်သည်လမ်းတွင်အနုပညာရှင်များနှင့် ယှဉ်ပြိုင်ဖျော်ဖြေလျက်ရှိပါသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် စိမ့်နေခြည်၊ ယွန်းရွှေရည်၊ ဆူဇီ ၊ နေဒွေး ၊ မေသဉ္ဇာဦးတို့က အောင်နိုင်ရေးအတွက်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီအတွက် အာဇာနည် ၊ ချောစုခင် နှင့် ချစ်သူဝေ တို့မှ စည်းရုံးလှုံ့ဆော် ဖျော်ဖြေခဲ့ပါသည်။ဇီးကုန်းမြို့နယ်တွင် တစ်လမ်းတည်း အပြိုင် စည်းရုံးဖျော်ဖြေခဲ့ သော အဆိုပါဖျော်ဖြေပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD)ပါတီ၏ စည်းရုံးဖျော်ဖြေပွဲသို့ ပရိသတ်အင်အားတစ်သောင်းကျော် တက်ရောက်ခဲ့သော်လည်း အာဏာရပါတီ ၏ စည်းရုံးဖျော်ဖြေပွဲတွင်မူ ပရိသတ် အနည်းငယ်သာတက်ရောက်ခဲ့ပါသည်။ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်သည် ကြံ့ခိုင်ရေးပါတီမှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ဖြစ်သည်။

No comments:

Post a Comment