Saturday, 7 November 2015

လူသိနည်းတဲ့ သကြားရဲ့ဆိုးကျိုး ၁၀ မျိုး•••••••••••••••••••••••••••••••

မြန်မာနှလုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကို အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံးခြင်းရဲ့ ဆိုးကျိုးအကြောင်း ၁၀ မျိုးကို တင်ပြလိုက်ပါတယ်။(၁)သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။American Heart Association ရဲ့  အဆိုအရ သကြားလွန်ကဲစွာစားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။(၂)သကြားက အဓိကအားဖြင့် ဗိုက်ကို ရွှဲစေပါတယ်။တကမ္ဘာလုံးမှာ အ၀လွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆတော်တော်များများ တိုးလာပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆေးသုသေနတစ်ခုအရ ကလေးတွေမှာ သကြားစားသုံးမှုများတဲ့အတွက်ကြောင့် ကိုယ်ခန္တာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေတယ်၊နောက်တော့ နှလုံးရောဂါနဲ့ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။(၃)သကြားက တကယ့်ကို အသံတိတ်လူသတ်သမားပါ။ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကိုသတ်ပါတယ်။ ၂၀၀၈ ခုနှစ်က လုပ်ခဲ့တဲ့ ဆေးသုသေသနတစ်ခုအရ leptin resistance လို့ခေါ်တဲ့ ရောဂါကိုရစေပါတယ်။ လူ့ကိုယ်ခန္တာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကို ဖြစ်စေပါတယ်။ leptin resistance ရတဲ့အခါ စားပြီးရင်းစားချင်ရင်းမို့ အ၀လွန်စေပါတယ်။ ၀လွန်းတဲ့အခါ ဘာမှမသိပဲ ရောဂါတွေကိုရလာပြီး လူကို သေစေပါတယ်။(၄)သကြားကြောင့်ကင်ဆာပိုဖြစ်စေပြီး၊ ကင်ဆာကြောင့်သေနှုန်းကိုလည်း များစေပါတယ်။အူထဲမှာ သကြားဓာတ်တွေများရင် β-catenin ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ့  သေနှုန်းက ပိုပြီးများပါတယ်။(၅) သကြားကြိုက်တာ မျိုးရိုးလိုက်တတ်ပါတယ်။Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကိုပိုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က ကိုယ်ခန္တာကို ဆာလောင်စေပါတယ်။(၆)သကြားနဲ့ အရက်ဟာ အသည်းကို ဒုက္ခပေးတာ အတူတူပါပဲ။အရမ်းမ၀တဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကို ပျက်စီးစေပါတယ်။သကြားနဲ့ အရက်ကို ကိုယ်ခန္တာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။ ((၇)သကြားက ဦးဏှောက်ကို ဒုက္ခပေးပါတယ်။လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္တာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးဏှောက်အားလျော့ခြင်းတွေ ပိုပြီးဖြစ်တတ်ပါတယ်။(၈)သကြားဓာတ်က နေ့စဉ် စားသုံးစရာတွေထဲမှာ ပြည့်နေခြင်းသွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Cokeတစ်ဘူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။(၉)သကြားလွန်ကဲစွာစားသုံးမှုကြောင့်အသက်တိုနိုင်ပါတယ်။၂၀၁၃ စစ်တမ်းတစ်ခုအရကမ္ဘာတ၀န်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှုလွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။(၁၀) သကြားကြောင့် အ၀လွန်စေပါတယ်။ဒီအချက်က လူတိုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကို ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။ကျန်းမာရွှင်လန်းကြပါစေ

အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်များများရှယ်ပေးလိုက်ကြပါ................

NLD ကို အနိုင်တိုက်မယ့်ကြံ့ဖွတ် နောက်ဆုံး ဗျူ ဟာကို ဖေါ်လိုက်ပြီယနေ့ နံနက် တွင် ရန်ကုန်မှ ပေးပို့လာသော စာရေးသူ၏ လျှို့ဝှက်လူငယ်များသတင်းထောက် အဖွဲ့၏ စုံးစမ်းသိရှိထားချက်မှာ....နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန်ဝယ် သက်ဆိုင်ရာ မြို့နယ်အသီးသီးများတွင် အဓိကကျသော မြို့နယ်ပေါင်း ၃၄ မြို့နယ်အား ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၄င်းတို့ သီးသန့် ငှားထားသော အဆိုပါမြို့နယ်အတွင်းမှ မဲပေးပိုင်ခွင့်ရှိသူလည်းဖြစ် မဲပေးရန် နာမည်စာရင်း ပါဝင်သူလည်း ဖြစ်သော သူများအား တစ်ဦးလျင် မြန်မာ ကျပ်ငွေ (၃) သိန်း တိတိဖြင့် ဆိုပါမဲပေးသော အချိန်တွင် ၄င်းတို့ မဲရုံအတွင်းသို့မဲပေးရန်ဝင်ရောက်သွားပြီး ကြိုတင်ပြုလုပ်ထားသော မဲကဒ်ပြား ၁၀၀ တိတိအား ၄င်းတို့၏ ကိုယ်တွင် သိုဝှက်ယူဆောင် သွားစေပြီး ၄င်းတို့ မဲပုံးထဲသို့ အသင့်ပါလာသော မဲပြား အပိုချပ်များကိုထည့်သွင်းကြရန်ဖြစ်သည်။ အဆိုပါမဲပြားများတွင် မဲရုံမှူး၏ လက်မှတ် အတုများ အတိကျ ပြုလုပ်ထားပြီး ဖြစ်ကြောင်းလည်းသိရသည်။ မြို့နယ် တစ်ခုအတွက် လူဦးရေ (၅၀) တိတိအား ငှားရမ်း ထားပြီး ဖြစ်ကြောင်း သတင်းအခိုင်မာ ရရှိသည်။ထိုသို့ မသမာမှုများ ပြုလုပ်ရန် ငှားရမ်းခြင်းခံရသော သူုများမှာ ပြည်ခိုင်ဖြိုး ပါတီဝင်များမဟုတ်ကြပဲ ၄င်းတို့ နေထိုင်ရာ ဒေသအတွင်း ရာဇ၀တ်မှု ဖြစ်နေသူ မသမာသော နည်းဖြင့် စီးပွားရှာဖွေ စားသောက်နေသူ အရက် ချဲနှင့် အခြားသော လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသူများအပြင် မကြာသေးမှီက သမ္မတ၏ လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသော လူဆိုး လူရမ်းကားများအားငှားရမ်းထားကြောင်း သိရသည်။အဆိုပါ နိုင်ဝင်ဘာလ ညနေ မဲရုံပိတ်သိမ်းချိန်တွင် မဲများရေတွင်ရာတွင် အရှုပ်ထွေးမြောက်များစွာ ဖြစ်ပေါ်လာအောင် ကြံဆောင် ပြုလုပ်သော ပြည်ခိုင်ဖြိုး၏ ဗျူဟာ တရပ် ဖြစ်ကြောင်းလဲသိရပြီး .. မဲရုံတွင် မဲပေးခွင့်ရှိသော သတ်မှတ်လူဦးရေထက် မဲများ ထောင်နှင့် ချီ၍ ပိုနေမည်ဖြစ်ပြီး အဆိုပါ အပိုမဲပြားများသည် NLD အားကိုယ်စားပြုသော ကိုယ်စားလှယ်လောင်းများအတွက် တံဆိပ်တုံးရိုက်နှိပ်ထားသော မဲပြားများ ဖြစ်နေကြောင်းလဲသိရမည်။ထိုသို့ NLD အတွက် အပိုမဲပြားများ မြောက်များစွာ နေရာတိုင်းတွင် တွေ့လာရနိုင်ပြီး မဲရုံမှူး ၏ စီစစ် အစီရင်ခံစာအား မြို့နယ်ကော်မရှင်သို့ လက်မှတ်ထိုး တင်ပြ အသိပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာ ရွေူးကောက်ပွဲ ကော်မရှင်မှ အဆိုပါ မြို့နယ်အား မဲရည်တွက် အရှုံး အနိုင်ရလဒ်အား ပယ်ဖျက်၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအား ဥပဒေအရ ဆိုင်းငံ့နိုင်အောင် စီစဉ်ထားကြောင်းသတင်းရရှိသည်။သို့ကြောင့် နိုဝင်ဘာ ၈ ရက်နေ့တွင် မဲရုံအတွင်း ဓါတ်ပုံ ဗွီဒီယို စသော မှတ်တမ်းများ ရိုက်ယူခွင့်အားပြုလုပ်ဆောင်ရွက်ခွင့် မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ အတိလင်းထုတ်ပြန်ကြေငြာထားပြီးလဲဖြစ်သည်။အဆိုပါ မသမာသော ဆောင်ရွက်မှု များအတွင်း အဓိက ကျသော နယ်မြေများအား ပြုလုပ်ဆောင်ရွက်ရာတွင် အများပြည်သူ ယုံကြည်ကိုးစားသော ပြည်သူ့ကိုယ်စားလှယ်လောင်းများ အငြင်းခုံ အရှုပ်ထွေးများဖြင့် ဆုံးရှံးမှုနှင့်မတည်ငြိမ်မှုများဖြစ်အောင် ဖန်တီးသည်ဟု စာရေးသူ သတင်းရရှိသည်။သို့ဖြင့် မဲပေးရန် လာရောက်ကြသော မိဘပြည်သူများအနေဖြင့် အဆိုပါ ငှားရမ်းခြင်းခံရပြီး မဲ မသမာမှု အရှုပ်ထွေးအား ဆောင်ရွက်ရန်ရှိသော သူများသည် လွယ်အိပ် လက်ကိုင်အိပ် ကုတ်အင်္ကျီ စသော ဖုံးကွယ်သိုဝှက်နိုင်သည့် အရာများ ၄င်းတို့၏ ကိုယ်ပေါ်တွင် ထပ်ဆင့် ၀တ်ဆင်၍ မဲရုံအတွင်းသို့မဲပေးရန် ၀င်ရောက်လာမည်ကို သတိပြု စောင့်ကြည့်ပြီးသက်ဆိုက်ရာသို့ ချက်ခြင်း အကြောင်းကြား စိစစ်မှုများ ပြုလုပ်နိုင်ရန်စီစဉ်ထားသင့်ကြောင်း အကြံပေး တိုက်တွန်းပါသည်။ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးချယ်ခံမည်ဖြစ်သော ကော့မှူး မဲဆန္ဒနယ်မြေတွင်လည်း ပြုလုပ်မည်ဟု အခိုင်မာ သတင်းရရှိပြီး သတိထားစောင့်ကြည့်စေချင်ပါသည်။ပြည်ခိုင်ဖြိုးမှ ထိုသို့ ဆောင်ရွက်ရန် ရံပုံငွေအား ဦးခင်ရွှေမှ မြန်မာကျပ်ငွေ သိန်းပေါင်း ၈၀၀၀ ထောင် အား ရင်းနှီး စိုက်ထုတ်ထားသည်ဟုလည်း သတင်းရရှိပြီး ယနေ့ ရန်ကုန်မှလာသော စီအာဗွီကားတစ်စီး လွိုင်လင်မြို့ ပန်ခေါက်ဝိုးကျေးရွာ ဘုန်းကြီးကျောင်းရှေ့အရောက်တွင် စစ်ဆေးခဲ့ရာမှာ စိတ်ကြွဆေးပြား ၂ သိန်းကျော်တွေ့ရှိပြီး ကားနောက် လိုက်ပါလာသူ ဘုန်းကြီးတပါးအ၀င် အရပ်ဝတ်လူနှစ်ဦး ဖမ်းဆီးရမိခဲ့ပါသည်ဘုန်းကြီးတပါးကို စစ်ဆေးခဲ့ရာမှာ မ.ဘ.သ အဖွဲ့ဝင်ဖြစ်ပြီး အမည် ဦးဝိမလဖြစ်တယ်လို့ သိရတယ်။ အလားတူ အရပ်ဝတ်နှစ်ယောက်ကိုလည်း စစ်ဆေးခဲ့ရာ ဦးတင်အေး ကိုယ်ပိုင် အမှတ် - ကြည်း ၇၅၄၃၂၂ က ဖြစ်ပြီး နောက်တဦးကတော့ ဦးသန့်ဇင် ကိုယ်ပိုင်အမှတ်- ကြည် ၆၄၈၇၄၁ တို့ ဖြစ်ပါတယ်။မူးယစ်းကုန်ကူးတရာခံ ၃ ဦးပြောဆိုချက်အရ ၎င်းတို့သယ်ဆောင်လာတဲ့ မူးယစ်ဆေးပြားများကို ရှမ်းပြည်နယ်ထဲ တိုင်းရင်းသားပြည်သူတွေကြားမှာ ရောင်းချပေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ဆေးပြားများပိုင်ရှင်ကတော့ လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေ ဖြစ်တယ်လို့လည်းတရာခံများက ထုတ်ဖေါ်ပြောဆို ၀န်ခံထားကြောင်းသိရသည်။သတင်းထူးလျင် ဆက်လက် တင်ပြပေးသွားပါမည်ရွေးကောက်ပွဲ သတင်းနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား အပ်ဖြားမလွတ် စောင့်ကြည့်နေမည်ဖြစ်ကြောင်း ပါ………ဂိုလ်ရှယ်လေးသတင်းအား နှစ်သက်သလို ရှယ်ယူ၍ အမှန်တရားအတွက် ထမ်းပိုးနိုင်ကြပါစေ…ကျေးဇူးတင်ပါသည်

Tuesday, 3 November 2015

မိန်းကလေးတစ်ယောက်ရဲ့ စိတ်နေ စိတ်သဘောထား "

ကျမ ရုပ်မချောဘူးး ရှင်ကျမတယောက်ထဲသစ္စာ ရှိမယ် လက်ခံနိုင်ပါတယ်ဆိုမှကျမကိုလက်တွဲပါ…ကျမ အဝတ်အစားခပ်မိုက်မိုက်တွေ မဝတ်တက် သလို ဝတ်လဲ မဝတ်ချင်ဘူးး ဒါပေမယ့် ကျမ အရောင်တော့ မမှိန်ဘူး ရှင်ကျမလက်ကို တွဲလို့ရဲရဲဝံ့ဝံ့ ပြင်ဆင်ပေးပီး လူတွေကြား ခေါ်သွားးနိုင်မှကျမကို လက်တွဲပါ…ကျမ ပညာတက်ပါ ပညာတွေ အရမ်းးမတက်ဘူး ကျမ ကိုသင်ပေးဖို့ လက်တွဲခေါ်ဖို့ ရှင်စိတ်မပျက် ဘူးးဆိုရင် ကျမလက်ကု တွဲပါကျမ အတိတ်တွေ မလှပခဲ့ဘူးး ရှင်နားလည်နိုင်မှ သည်းခံခွင့်လွှတ်နိုင်မှ ကျမလက်ကိုတွဲပါ…ကျမ ပိုက်ဆံ မချမ်းသာဘူး ရှင်ကျမကို တကယ် ချစ်မှ ကျမလက်ကို တွဲပါရှင်မချမ်းသာလဲ ကျမ ရှင့်လက်ကိုရဲရဲကြီးတွဲလို့ ဒုက္ခ သုခ အတူတူ ရင်ဆိုင်ခံစားး ဖြေရှင်းးကြိုးစား နိုင်တယ်…… ရှင် ရုပ်မချောလဲ ကျမ ရှင့်လက်ကို ရဲရဲကြီးတွဲလို့ကျမ မည်သူရှေ့ မဆို ကျမ လက်တွဲနိုင်တယ်…ရှင် ပညာတွေ အရမ်းမတက်လဲ ကျမ ရှင့်ဘေးမှာ ဖေးမ ကူညီလို့ အတူတူ လေ့လာ ဖို့အဆင်သင့်ွှရှိတယ် ကျမ လက်တွဲနိုင်တယ်……ရှင့်အတိတ်တွေ ကျမ စိတ်မဝင်စားဘူးးအဓိက ကကျမ အတွက် သစ္စာရှိပီးတန်ဖိုးထား တက်တဲ့ အရည်အချင်းရှိပါသော ယောက်ကျား ကောင်း တယောက် အဖြစ် ကျမဘေးမှာကျမ ယုံကြည်မှုတွေကိုအလွဲ သုံးစားမလုပ်ပဲ ကျမလက်ကို ရဲရဲကြီးတွဲလို့ချစ်နေပေးဖို့ပါပဲ…

Monday, 2 November 2015

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့မှတ်သားဖွယ် စကားကြီးတွေပါ။==========================

၂၀-၈၀ နိယာမလူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း၂၀% လုပ်မလား၊ ၈၀% လုပ်မလား။တတိယ ၈ နာရီဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့်တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။လမ်းနှစ်လမ်းလူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။တခါသုံးယုံကြည်မှုယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။နောင်တနောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။နေရာအအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။သမာဓိစကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။ရွေးချယ်မှုနောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။မနာလိုခြင်းနှင့် အားကျခြင်းသူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။နောက်ဆုံးအပြုံးဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်းသတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်းတကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။ပူပင်သောကလူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေသူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။အောင်မြင်မှုနှင့် တိုးတက်မှုမင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။ဖိအားနှင့် တွန်းအားအပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

အဖေ့မေတ္တာ´´== Pa dawtnak

အဖေကဆူ အမေကချော့အဲဒီတော့ အမေကိုချစ်တာပေါ့…( အဖေဆူတဲ့ဒေါသသံဟာငါ့သားလေးတစ်နေ့ရင့်ကျက်ဖို့ပါ)* အဖေကရိုက် အမေကအလိုလိုက်အဲဒီတော့ အဖေ့စရိုက်ကကြမ်းတယ်ပေါ့…( အဖေရိုက်တဲ့လက်ဖဝါးတွေမှာ နာကျင်စေမှုတွေမပါဘူး)( မေတ္တာတွေ ဂရုဏာတွေပါသားရယ် )* အဖေမပေးနိုင်တဲ့မေတ္တာအဖေမပေးနိုင်တဲ့နွေးထွေးမှုအဖေမပေးနိုင်တဲ့ဖြည့်ဆည်းမှုတွေ`အမေ´ပေးတယ်လေ။( အဲဒီမှာတင် အဖေ့မေတ္တာကရှုံးနေပါပြီ )( ပြုံးနေတဲ့သားမျက်နှာကို အဖေတဝကြီးခိုးကြည့်ဖူးတယ် )( ဒါကို သားလေးမသိလိုက်ဘူး )* သားစီးနေတဲ့ ကား ဆိုင်ကယ်သားဝတ်နေတဲ့ အဝတ်အထည်သားရေးနေတဲ့ ဘောပင်ထဲက မှင်ရည်တွေဟာအဖေ့ချွေးစက်တွေဆိုတာ သားမြင်တတဲ့တစ်နေ့တကယ်လို့များ သားရဲ့ရှေ့မှာအဖေမရှိတော့ရင်တောင်…( ခွင့်လွှတ်ပါ အဖေ လို့မတောင်းပန်နဲ့ငါ့သား )( အဖေဆိုတဲ့နာမည်ရခဲ့တဲ့နေ့ကနေ ဒီနေ့ထိခွင့်လွှတ်ပြီးသား )( အဲဒါ အဖေတိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားပဲ )( သားမမြင်ခဲ့တဲ့ အဖေ့မေတ္တာတရားပေါ့ )Photo by; fb===================================={{{{ ကဗျာမကျ ကာရံမလှပေမယ့် အဖေ့မေတ္တာဘွဲ့လေးရင်ထဲကသီကုံးဖွဲ့ခြင်းပါ}}}ဖတ်ပေးတဲ့ fri အားလုံးကိုကျေးဇူးတင်လျှက်…မင်းချစ် သူ

.ဇီးကုန်းတွင် ကြံ့ခိုင်ရေး ပါတီနှင့်NLDတို့အပြိုင်စည်းရုံးရာမှာ ကြံ့ခိုင်ေ်ရးပွဲ လူမစည်============

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့တွင် လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီတို့ မှ နိုဝင်ဘာလ ( ၂ ) ရက်နေ့ နံနက် ( ၉ ) နာရီမှစတင် ၍ ဇီးကုန်းမြို့ ကုန်သည်လမ်းတွင်အနုပညာရှင်များနှင့် ယှဉ်ပြိုင်ဖျော်ဖြေလျက်ရှိပါသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် စိမ့်နေခြည်၊ ယွန်းရွှေရည်၊ ဆူဇီ ၊ နေဒွေး ၊ မေသဉ္ဇာဦးတို့က အောင်နိုင်ရေးအတွက်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီအတွက် အာဇာနည် ၊ ချောစုခင် နှင့် ချစ်သူဝေ တို့မှ စည်းရုံးလှုံ့ဆော် ဖျော်ဖြေခဲ့ပါသည်။ဇီးကုန်းမြို့နယ်တွင် တစ်လမ်းတည်း အပြိုင် စည်းရုံးဖျော်ဖြေခဲ့ သော အဆိုပါဖျော်ဖြေပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD)ပါတီ၏ စည်းရုံးဖျော်ဖြေပွဲသို့ ပရိသတ်အင်အားတစ်သောင်းကျော် တက်ရောက်ခဲ့သော်လည်း အာဏာရပါတီ ၏ စည်းရုံးဖျော်ဖြေပွဲတွင်မူ ပရိသတ် အနည်းငယ်သာတက်ရောက်ခဲ့ပါသည်။ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်သည် ကြံ့ခိုင်ရေးပါတီမှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ဖြစ်သည်။

Sunday, 1 November 2015

သုဝဏ္ဏ မြို့ဦးစေတီကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော ရုပ်သံမိန့်ခွန်း"

အခုရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကျွန်မတို့ အဖွဲ့ချုပ်ကတော့ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဒီရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ကူညီကြပါဆိုပြီးတော့ ထပ်တလဲလဲ မေတ္တာ ရပ်ခံပါတယ်။ တချို့ကတော့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဘယ်လို မသမာတဲ့နည်းတွေနဲ့ ရွေးကောက်ပွဲ နိုင်အောင် လုပ်ရမလဲဆိုပြီးစဉ်းစားနေတဲ့သူတွေလည်း ရှိပါတယ်။ ဒါကျွန်မ အနေနဲ့ ပုတ်ခတ်ချင်လို့တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး။ အဖြစ်ကို အဖြစ်အတိုင်း မြင်ဖို့ လိုပါတယ်။ ကျွန်မတို့ သတိနေရာမှာ မလစ်ဟင်းအောင်လို့ ပြောတာပါ။ သတိဆိုတာ လွန်ကဲတယ်ရယ်လို့ မရှိနိုင်ဘူးဆိုတာ တရားတော်ထဲမှာလည်း ပါပါတယ်။ အခုအခြေအနေမှာလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ အားလုံး အင်မတန်မှ သတိနဲ့ ပြည့်ဝရပါလိမ့်မယ်။ ကျွန်မတို့ နိုင်ငံကို ကျွန်မတို့ အေးချမ်းစေချင်တယ်။ ချမ်းသာစေချင်တယ်။ တိုးတက်စေချင်တယ်။ ဒီရွေးကောက်ပွဲဟာ ဒီလို အေးချမ်းရေး၊ ညီညွှတ်ရေး၊ တိုးတက်ရေးအတွက်အခြေချလိုက်တဲ့ ပွဲကြီးတစ်ခု ဖြစ်စေချင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒီရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကျွန်မတို့ ပြည်သူလူထုက ဘယ်လောက် စည်းကမ်းရှိရှိ၊ဘယ်လောက်မှန်မှန်၊ ဘယ်လောက် စိတ်ထားပြည့်ဝစွာနဲ့ ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင်လုပ်သွားတယ်ဆိုတာ တစ်ကမ္ဘာလုံးက မြင်စေချင်တယ်။ အသိအမှတ်ပြုစေချင်တယ်။ ဒါကြောင့် ကျွန်မတို့ နိုင်အောင်လုပ်မယ်။ မှန်ကန်တဲ့နည်းနဲ့ နိုင်အောင်လုပ်မယ်။ ကျွန်မတို့ ပြည်သူတွေ မခံချင်အောင်လို့ ဆွတာရှိရင် အဲဒီဟာတွေကို ဒါကြောင့်မို့လို့ လမ်းမလွှဲပါစေနဲ့။ ကိုယ့်ရဲ့ စိတ်ဓာတ်က ပိုပြီးတော့ ခိုင်သလား။ အဖျက်သမားတွေရဲ့စိတ်ဓာတ်က ပိုပြီးတော့ ပြင်းသလားဆိုတာ ပြိုင်ကြစို့လို့ ကျွန်မက ဒီလိုပဲ ပြောချင်ပါတယ်"(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေအနက် အကြီးကျယ်ဆုံးဖြစ်တဲ့ သုဝဏ္ဏ မြို့ဦးစေတီကွင်း ဟောပြောပွဲကို နိုဝင်ဘာ ၁ ရက်၊ ညနေ ၄ နာရီကျော်မှာ စတင်ခဲ့ပါတယ်။ ရန်ကုန်မြို့အတွက် ပွဲသိမ်းသတ်မှတ်နိုင်ပြီး ရန်ကုန်လူထုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့ပွဲကို ကွင်းပြည့်လျှံတဲ့အထိ လူသိန်းချီ လာရောက်ကြတာကို တွေ့ရပါတယ်)

https://m.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DDs8khZCAVgc%26feature%3Dyoutu.be&h=eAQGswBDK&s=1

https://youtu.be/Ds8khZCAVgc

.မူဆယ်မှာ ယာဉ်ထိန်းရဲတပ်ကြပ်ရဲမြင့်သားနဲ့ရန်ဖြစ်ခဲ့

မူဆယ်မှာ ယာဉ်ထိန်းရဲတပ်ကြပ်ရဲမြင့်သားနဲ့ရန်ဖြစ်လို့  အချုပ်ထဲထည့်ပြီ၂၄ နာရီတောင်မပြည့်ဘဲမိဘတွေလိုက်လာတော့ ဆေးရုံကိုသွားလိုက်ဆို ပြီ ဆေးရုံရောက်တော့မိဘတွေ မြင်လိုက်ရတဲ့မြင်ကွင်းက အသက်ငင်နေတဲ့အချိန် ညရောက်တော့ အဲ့ဒီရန်ဖြစ်တဲ့လူငယ် လေ သေဆုံးခဲ့ရခြင်း… …သာမန်ရန်ပွဲတစ်ခု ဖြစ်ရင်တောင်အချုပ်ထဲမှာအချုပ်သားကို ရိုက်စစ်တဲ့ဥပဒေရှိလို့ လား ?သာကေတက လွှတ်တော့အမတ်တွေကို ဓါးနဲ့ခုတ်တဲ့၃ ယောက်ကျတော့ ရိုက်ခံရပါသလားCredit လှစိုးပြီးခဲ့တဲ့ အောက်တိုဘာ (၃၀) ည ၁၀ နာရီခန့်တွင် မူဆယ်မြို့ တောင်ရပ်ကွက် ချိုနမ်းချစ်အအေးဆိုင်တွင် လူငယ်တစ်စု ခိုက်ရန်ဖြစ်ပွားကြသည်၊ခုံဖြင့်ရိုက်ခံရသူ လူငယ်၏ဖခင် ရဲတပ်ကြပ်ကြီး ရဲမြင့်မှ အမှုဖွင့်တိုင်ကြားရာ တရားခံ ဖြိုးသူရ (၂၃) နှစ်အား ဖမ်းဆီးကာ မြို့မရဲစခန်း အဆောင် (၂) တွင် ချုပ်နှောင်ထားခဲ့ပြီး အာမခံမပေးခဲ့ပါ၊ထိုလူငယ် ဖြိုးသူရသည် အချုပ်အတွင်း နှိပ်စက်ခံရကာ ဆီးလမ်းကြောင်းမှ သွေးများယိုစီးကြလာခဲ့ပြီး ၃၁-၁၀-၂၀၁၅ ည ၉:၁၀ နာရီတွင် မူဆယ်ဆေးရုံ၌ သေဆုံးခဲ့သည်၊ဖခင်ဖြစ်သူအား ကျေအေးပါသည်ဟု လက်မှတ်ထိုးပေးရန် ဖိအားပေးခံနေရသည်၊အမှုမှန်ပေါ်ပေါက်ရေးအတွက် ဖခင်ဖြစ်သူမှ အကူအညီတောင်းခံပါကြောင်း။

B သွေးအကြောင်း===========

သူငယ်ချင်းအပေါ် အနစ်နာခံတတ်သူ။ဘယ်လောက်ပဲ ကြေကွဲနေပါစေ ရင်ထဲကဒဏ်ရာကိုထုတ်ဖော်မပြောဘူး။အပြုံးလေးနဲ့တစ်ယောက်တည်း ကြိတ်ခံစားတတ်သူ။စိတ်ကူးယဉ်တတ်ပေမယ့် ဖြစ်နိုင်ရမယ်လို့ အမြဲတထပ်တည်းစဉ်းစားတတ်သူ။စာကျက်ပျင်းတဲ့ သူ။မှတ်ညဏ်မှာ သူ့ကိုတော့ သွားမယှဉ်နဲ့ ။လိမ်ဖို့မကြိုးစားမိစေနဲ့။သေးသေးလေးကအစ သိတယ်။မျက်ဝန်းထဲက စာတွေကိုဖတ်တတ်တဲ့ သူ။သူလိမ်တတ်ပေမယ့်အမှန်တိုင်းပြန်ပြောတာလည်း သူပါပဲ။လူတစ်ယောက်ကို ခင်မိရင် ညီကိုမောင်နှမထက် ပိုခင်တယ်။လောကကြီးကို သိပ်ပြီးတော့ မကျေနပ်သူ။ပုံစံက မာနကြီးတယ်ထင်ရပေမယ့် ပေါင်းကြည့်ရင် ငပေါလေးတွေ။စကားကို ပြတ်ပြတ်သားသားပြောတာကြိုက်တယ်။ချစ်သူကို အသက်လောက်ချစ်တယ်။စုံလုံးကန်းအောင် ချစ်တယ်။အရမ်းချစ်တတ်တာ သူ့အားနည်းချက်။ချစ်သူရဲ့ ချော့မြူမှုကိုတိတ်တိတ်လေးတောင်းတမိတာ သူ။သူ့ကြောင့် တစ်ဖက်သားဘယ်တော့မှ စိတ်မဆင်းရဲဘူး။ချစ်သူကို သစ္စာအရှိဆုံး သူ။အမြဲတန်း အားငယ်တတ်ပေမယ့်သူ့ကြောင့်ဘယ်သူ့မှစိတ်မဆင်းရဲစေဘူး။ဟင်း ကြေး(ဂျီး)များတယ်။သူက မာနနည်းနည်းတော့ရှိတယ် ဘယ်တော့မှအရင်မတောင်းပန်ဘူး။သူတောင်းပန်တဲ့ သူဟာလည်း သူတကယ်တန်ဖိုးထားသူမို့ပဲ။